ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန facebook page အသိပေးကြေညာခြင်း
ရက်စွဲ ၊ ၅ ရက် ဂျွန်လ ၂၀၂၃ ခုနှစ် ယခုဖော်ပြပါ ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန Facebook Page သည် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ)၏ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးဆိုင်ရာသတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ ပြန်ကြားရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ သွားလာလှုပ်ရှားမှုသတင်းအချက်အလက်များ၊ ပြည်သူများအပေါ် မတရားဖမ်းဆီးနှိပ်စက် အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ ၎င်းတို့၏ သတင်းပေးထောက်တိုင်များ စသည့်သတင်းအချက်အလက်များကို အောက်ဖော်ပြပါ “ဧရာဝတီတိုင်းတော်လှန်ရေး သတင်းဌာန” လူမှုကွန်ယက် စာမျက်နှာ နှင့် တယ်လီဂရမ်တို့မှတစ်ဆင့် ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။ https://www.facebook.com/AyeyarwadyRevolutionNewsAgency/ Telegram Channel https://t.me/ayarevolutionnews