ဝန်ကြီးဌာန၏ မူဝါဒများ

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ဖမ်းဆီးနှိပ်စက် ညှဉ်းပမ်း အကြမ်းဖက်မှုများမှ အကာအကွယ်‌ပေး၍ ကောင်းစွာအိပ်စက်ရှင်သန်နိုင်ရမည့် လူထုဘဝလုံခြုံရေးကို ဦးစားပေးဆောင် ရွက်သွားမည်။

စစ်အုပ်ချူပ်ရေးကို တဖြေးဖြေးအသက်သွင်းရန် ကြိုးပမ်းနေသည့် ယန္တရားတစ်ခုလုံးကို အရှိန်နဲ့ မလည်ပတ်နိုင်ရေးအတွက် တားဆီးသွားပြီး၊ ယင်းယန္တရား ပြိုပျက်သွားစေရန် ထိရောက်သည့် နည်းလမ်းမျိုးစုံ ကျင့်သုံး ဖော်ဆောင်သွားမည်။

ဘဝရှင်သန်ရေးအတွက် မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် နှင့် ကိုယ့်ကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့် ရှိသည်နှင့်အညီ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေမှု အန္တရာယ်တွင်းမှ လွတ်မြောက်ရေးအတွက် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် လုံခြုံရေးကဏ္ဍတစ်ရပ် ကို တည်ဆောက်မည်။

ရပ်ရွာ/ရပ်ကွက်/မြို့နယ် အဆင့်ဆင့်သော ပြည်သူအခြေပြု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်အုပ်ချုပ်ရေးယန္တရားမှန်သမျှကို လက်မခံ ဆန့်ကျင်လျက်၊ မိမိဒေသ မိမိကိုယ်တိုင် တရားနည်းလမ်း တကျ အုပ်ချုပ်၍ ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးမည်။

ပွင့်လင်းမြင်သာပြီး သန့်ရှင်းကောင်းမွန်သော တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ပြည်သူလူထုက စိတ်ချယုံကြည်အားကိုးရသော၊ ပြည်သူအပေါ် သစ္စာ စောင့်သိသော ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်။

နိုင်ငံသားများ နှင့် နိုင်ငံခြားသားများ ပြည်တွင်းပြည်ပသို့ ဝင်ထွက်သွားလာမှုကို ဥပဒေပြဌာန်း ချက်များ နှင့်အညီ ကြီးကြပ်မည့်အပြင်၊ နိုင်ငံခြားသားများ ပြည်တွင်းတွင် နေထိုင်သွားလာမှုကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ကြပ်မတ်စီမံဆောင်ရွက်သွားမည်။

ကိုဗစ်ကပ်ရောဂါအန္တရာယ်ကြားထဲမှ စစ်ကောင်စီ အာဏာသိမ်းလိုက်သည့်အတွက် ပြည်သူလူထု သည် စားဝတ်နေရေး အခက်အခဲဖြစ်နေခြင်း၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုသည်လည်း ကျဆင်း လာခဲ့ခြင်းမှ ကုစားနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ နှင့် ချိတ် ဆက်လျက် လူမှုဘဝဖူလုံရေးအစီအစဉ်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။

နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့ကြသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ သဘောတူညီချက်များနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးနှင့် လက်တွေ့ ကျကျ ပူးပေါင်းဆောင်ရွက်သွားမည်။

Scroll to Top