အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူလူထုအပေါ် မတရားဖမ်းဆီး၊ လက်နက်ဖြင့် အနိုင်ကျင့် အကြမ်းဖက်သတ်ဖြတ်နေသည့် အမှုကိစ္စများကို တိုင်ကြားရန်အတွက်ဖြစ်ပါသည်။ မိမိကိုယ်တိုင် တရားဥပဒေမဲ့ အကြမ်းဖက်ခံရသူအဖြစ်သော်လည်းကောင်း၊ မိမိ မိသားစု/ရပ်ကွက်/ကျေးရွာ အတွင်း အကြမ်းဖက်ခံရ၍သော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများကိုလည်း တိုင်ကြားနိုင်ပါသည်။ တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်များကို ဝန်ကြီးဌာနအနေဖြင့် လုံခြုံစွာသိမ်းဆည်းထားရှိမည်ဖြစ်ပါသည်။
E-Police Station MOHAI- NUG
အကြမ်းဖက်စစ်ကောင်စီမှ ဥပဒေမဲ့ အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများ၏ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားရှိပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေ၏ ရှေ့မှောက်သို့ ပို့ဆောင်ရန်
တိုင်ကြားလာသည့်အမှုများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ် နယ်မြေများတွင် ဖြစ်ပွားသည့်မှုခင်းများဖြစ်ပါက မြေပြင်ရှိ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး မြေပြင်တွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နိုင်ရန်
တိုင်ကြားလာသည့် အမှုများသည် ပြည်နယ်များတွင် ဖြစ်ပွားသည့် မှုခင်းများ ဖြစ်ပါက သက်ဆိုင်ရာ ပြည်နယ်များရှိ ရဲလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်၍ လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်
တိုင်ကြားလာသည့် အမှုများသည် မြေပြင်တွင် ဆောင်ရွက်နိုင်ခြင်းမရှိသေးသော နေရာများတွင် ဖြစ်ပွားသည့် မှုခင်းများဖြစ်ပါက မှတ်တမ်းတင် ထိန်းသိမ်းထားရှိပြီး အမျိုးသား ညီညွတ်ရေးအစိုး၏ အုပ်ချုပ်ရေး ယန္တရားများ ဆောင်ရွက်နေသည့်အချိန်အခါဖြစ်စေ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးယန္တရားများ ဆောင်ရွက်နိုင် လာသည့် အချိန်အခါဖြစ်စေ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်ရန်
အမှုတိုင်တန်း/သတင်းပေးလိုသည့် ပြည်သူတွေအနေနဲ့ E-Police Station MOHAI- NUG Facebook Page Messenger သို့ သွားရောက်ပြီး ဆက်သွယ်တိုင်ကြားနိုင်ပါသည်။